CBN Myanmar

စိတ်ဒဏ်ရာ၏လက္ခဏာ

သင့်ကလေးတွင်

မိဘများအနေဖြင့် ရှိသင့်သောအတွင်းစိတ်သဘော
စိတ်ဒဏ်ရာရရှိခြင်းသည် ရှောင်ရှားရန်လွယ်ကူသောအရာမဟုတ်သလို ကြုံတွေ့ရာတွင်လဲ ဟာသပြုလုပ်ရန်သင့်လျှော်သောအရာမဟုတ်ပါ။ သို့သော်မိဘများအနေနှင့် ကြိုတင်ပြင်ဆင်မှုပြုလုပ်လျက်ကောင်းစွာစောင့်ရှောက်မှုပေးပါက ကလေး၏ဘဝကြီးထွားရာလမ်းအတွက်အကူအညီပေးနိုင်မည်ဖြစ်ပါသည်။

သင့်ကလေးကို ကောင်းစွာပြုစုပျိုးထောင် စောင့်ရှောက်မှု ပြုနိုင်ရန်အတွက် သင့် ကိုယ်တိုင်ကိုလဲ ကောင်းစွာ ဂရုစိုက်စောင့်ရှောက်မှုပြုရမည်ဖြစ်သည်။

ကလေးများ၏မတူညီသောအသက်အရွယ်အလိုက်စိတ်ဒဏ်ရာရရှိမှုလကဏာများ

ကလေးငယ်များ (အသက် ဝ မှ ၅ နှစ်အထိ)
> ဇီဇာကြောင်ခြင်း၊ စိတ်အလိုမကျခြင်း
> လွယ်ကူစွာကြောက်လန့်ခြင်း၊ ငြိမ်ငြိမ်နေရန်ခက်ခဲခြင်း
> ဝုန်းဒိုင်းကြဲစိတ်ဆိုးစိတ်တိုခြင်း
> ရင်းနှီးသူကိုတွယ်ကပ်နေခြင်း နှင့် အသစ်သောအရာကိုလေ့လာရန်တွန့်ဆုတ်နေခြင်း
> ခန္ဓာကိုယ်လှုပ်ရှားမှုတွင် ရွယ်တူများထက်ပိုမို တကြွ်ကခြင်း သို့မဟုတ် လျှော့နည်းနေခြင်း
> စိတ်ဒဏ်ရာရစရာအခြေအနေအဖြစ်အပျက်အားထပ်ခါထပ်ခါပြောဆိုနေခြင်း သို့မဟုတ် ပြန်လည်သရုပ်ဖော်နေခြင်း
> စကားပြောဆိုခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအဆင့်များတွင်နှောင့်နှေးကြန့်ကြာ နေခြင်း
ကျောင်းနေအရွယ်ကလေးများ (အသက် ၆နှစ်မှ ၁၂နှစ်အထိ)
> အာရုံစူးစိုက်မှုပြုရန်ခက်ခဲခြင်း
> သူတပါးနှင့်မရောနှော သီးသန့်နေခြင်း
> မကြာခဏမျက်ရည်ကျခြင်း သို့မဟုတ် ဝမ်းနည်းနေခြင်း
> ကြောက်လန့်စရာခံစားချက်များ အတွေးအမြင်များအကြောင်းမကြာခဏပြောဆိုခြင်း
> လုပ်ဆောင်ချက်တခုမှတခုကူးပြောင်းရာတွင်ခက်ခဲနေခြင်း
> ရွယ်တူများ သို့မဟုတ် လူကြီးများနှင့် ရန်ဖြစ်တတ်ခြင်း
> ကျောင်းလုပ်ဆောင်မှုများတွင်အပြောင်းအလဲဖြစ်နေခြင်း
> တစ်ယောက်တည်းနေလိုခြင်း
> ရွယ်တူများနှင့်မတူ အလွန်အကျွံစားသောက်ခြင်း သို့မဟုတ် စားသောက်မှုလျှော့နည်းလွန်းခြင်း
> အိမ်တွင်ဖြစ်စေ ကျောင်းတွင်ဖြစ်စေ အခက်အခဲပြသနာရှိနေခြင်း
> အစားအသောက်စားချင်စိတ်မရှိဘဲ မကြာခဏ ခေါင်းကိုက်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း
> ငယ်ရွယ်သောကလေးများပုံမှန်လုပ်ဆောင်မှုကဲ့သို့ ပြုမူခြင်း (လက်မစုပ်ခြင်း၊ အိပ်ရာတွင် အပေါ့သွားခြင်း၊ အမှောင်ကိုကြောက်လန့်ခြင်း)
ဆယ်ကျော်သက်များ ( အသက် ၁၃ နှစ်မှ ၁၈ နှစ်)
> စိတ်ဒဏ်ရာနှင့်ပတ်သတ်သောအကြောင်းအရာများကို မကြာခဏပြောဆိုခြင်း သို့မဟုတ် ဖြစ်ပေါ်ခဲ့သောအရာများကို ငြင်းဆန်ခြင်း
> စည်းမျဉ်းစည်းကမ်းများကို ငြင်းဆန်ခြင်း သို့မဟုတ် နောက်ကြောင်းအရာများကို မကြာခဏပြောနေခြင်း
> အချိန်တိုင်းပင်ပန်းနွမ်းနယ်နေခြင်း ရွယ်တူများထက်ပိုမိုအိပ်စက်ခြင်း (သို့) လျှော့နည်းစွာအိပ်စက်ခြင်း၊ အိပ်မက်ဆိုးများမက်နေခြင်း
> အန္တရာယ်ရှိသောအပြုအမူများလုပ်ဆောင်ခြင်း
> တိုက်ခိုက်တတ်ခြင်း
> သူငယ်ချင်းများနှင့် အတူမနေချင်ခြင်း
> ဆေးဝါးအရက်သေစာများသုံးစွဲခြင်း၊ အိမ်မှထွက်ပြေးခြင်း သို့မဟုတ် ဥပဒေ များကို မနာခံမလိုက်လျှောက်ခြင်းတို့ဖြစ်သည်။
စိတ်ဒဏ်ရာနှင့်ပတ်သတ်၍ပိုမိုသိရှိရန်ဖတ်ရှုလိုပါက ဤနေရာတွင် နှိပ်ပါ။
my_MMဗမာစာ