CBN Myanmar

ဆောင်းပါးတိုများ

သူတို့ကသင့်ရဲ့ စကားကိုနားထောင်ရမှာဖြစ်ပြီး သင်သာလျင် သူတို့ကို လမ်းပြသွန်သင် ပေးနိုင်တဲ့သူဖြစ်ကြောင်း ပြသပေးပါ။ ဒါပေမဲ့လည်း သူတို့ကို လွတ်လပ်ခွင့်ပေးခြင်းက သူတို့ကို အမှားတွေလုပ်ခွင့်ပေးလိုက်တာ မဟုတ်ပါဘူး။

စိတ်ဓာတ်ပြင်းထံတဲ့ ကလေးတွေက သူတို့ရဲ့ရွေးချယ်မှုတွေမှာ ချုပ်ချယ်ခြင်းတွေ မရှိဘူးဆိုတာ ခံစားရတဲ့အခါ သူတို့ကိုပိတ်ပင်တားမြစ်တယ်လို့ ခံစားရပြီး အဲ့ဒီအရာက သူတို့ကိုဘယ်အရာကို မဆို တိုက်ခိုက်ခြင်တဲ့ စိတ်ဆန္ဒကို ဖြစ်ပေါ်စေပါတယ်။

သူတို့ကို ပြောဆိုနေတဲ့ အသုံးနှုံးတွေကို ပြောင်းလဲလိုက်ပါ။ သင့်ရဲ့ကလေး စကားနားမထောင်တဲ့အခါမှာ သင်ဟာ သူ့ကို “ပြဿနာကောင်” လို့သုံးနှုံးလိုက်တဲ့အခါ သူရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်စေပါတယ်။ သူတို့တွေက ယခုပုံစံအတိုင်းပဲ မွေးဖွားလာတယ်ဆိုတာကို သတိရပေးပါ။ သူတို့ရဲ့ စိတ်ဓာတ်ပြင်းထံခြင်းဟာ မှန်ကန်တဲ့နည်းလမ်းအတိုင်း အသုံးပြုမယ်ဆိုရင် ကောင်းတဲ့အရာ ဖြစ်ကြောင်းကို ပြောပြပေးပါ။

အရေးကြီးဆုံးကတော့ သူတို့အတွက်ဆုတောင်းပေးပါ။ သင့်အတွက်နည်းလမ်းမရှိတော့ဘူးလို့ ခံစားရတဲ့အခါတိုင်း ဘုရားဆီမှာ အကောင်းဆုံး သင့်ကလေးအတွက် သွန်သင်လမ်းပြပေးနိုင်မဲ့ နည်းလမ်းတွေကို တောင်းခံပါ။

ကလေးတိုင်းက ထူးခြားပါတယ်။ မတူညီတဲ့နည်းလမ်းတွေ ဘုရားကဖန်ဆင်းပေး ထားတာဖြစ်ပါတယ်။

en_USEnglish