CBN Myanmar

ကျွန်ုပ်တို့ဘာကြောင့် ဒီကမ္ဘာကြီးမှာ ရှိနေရတာလဲ?

တခြားစကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့ အသက် ၇၀ ဒါမှမဟုတ် ၈၀ နောက်ပိုင်း ရောက်ရင် သေရမှာပဲကို ဘာလို့ ကျွန်ုပ်တို့ မွေးလာသေးတာလဲ? ဘဝမှာ စားမယ်၊ သောက်မယ် ပြီးတော့ မနက်ဖြန်သေရင်တောင်မှ ဒီနေ့ပျော်မယ် ဆိုတာထက် မပိုဘူးလား? ကမ္ဘာကြီးက “ကြီးမားတဲ့ပေါက်ကွဲမှု” ကနေ တစ်ဆင့် ဖြစ်ပေါ်လာသလိုပဲ လူသားများကလည်း နှစ်သန်းပေါင်းများစွာကတည်းက အမီးဗား ကနေ ထွက်ပေါ်လာတယ် (ဒါမှမဟုတ်) ဖန်ဆင်းရှင်းမရှိဘူးဆိုတာမျိုးကို သင်မယုံကြည်တာဖြစ်နိုင်ပါတယ်။ သိပ္ပံနည်းပညာကတောင် စကြာဝဠာကြီးက အိုမင်းလာပြီဆိုတာကို ရှာဖွေတွေ့ရှိနေပါပြီ။ ဒီစကြာဝဠာကြီးကလည်း လူသားတွေလိုပဲ သေနိုင်ပြီး ထာဝရကြာရှည် မတည်တန့်နိုင်ပါဘူး။ ဘုရားသခင်ဆိုတဲ့ တစ်စုံတစ်ရာက ကျွန်ုပ်တို့ကို “ဘာလို့ဒီကမ္ဘာကြီးမှာရှိနေတာလည်း” ဆိုတာကို မေးခွန်းထုတ်စေပါတယ်။

အစအဦးမှာ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီး၊ လူသားများနဲ့ အမီးဗားကို ဖန်ဆင်းခဲ့တာဖြစ်ပါတယ်။ ဘုရားသခင်ဟာ လူယောက်ျားနဲ့လူမိန်းမကို သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ အညီအတိအကျ ဖန်ဆင်းထားပြီး သူနဲ့မိသဟာရဖွဲ့လိုတယ်ဆိုတာကို ကျမ်းစာမှာပြောထားပါတယ်။  ဘုရားသခင်က ကောင်းကြီးပေးပြီး ရေထဲမှာရှိတဲ့ငါးတွေ၊ လေထဲမှာရှိတဲ့ ငှက်တွေ နဲ့ မြေပေါ်မှာရှိတဲ့ သက်ရှိတွေ အကုန်လုံးကို အုပ်စိုးဖို့ပြောထားပါတယ် (ကမ္ဘာဦး ၁း၁-၁၈)။ ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရှိနေတာဖြစ်ပါတယ်။ ကျွန်ုပ်တို့က ဘုရားသခင် နှစ်သက်ပျော်ရွှင်ဖို့အတွက်လည်းပဲ ဒီကမ္ဘာကြီးမှာရှိနေတာဖြစ်ပါတယ်။ ကျွန်ုပ်တို့သာ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေမယ်ဆိုရင် အဲ့ဒီပျော်ရွှင်မှုကလည်း ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဒီကမ္ဘာကြီးမှာရှိနေခြင်းဟာ သေခြင်းနဲ့ ရှင်ခြင်းထက် ပိုပါတယ်။ ကျွန်ုပ်တို့ အယောက်စီတိုင်းဟာ ချစ်တတ်၊ ရယ်တတ်၊ ခံစားတတ်ပြီး စဥ်းစားတွေးခေါ်တတ်တဲ့ ဘုရားခင်နဲ့ ပုံစံတူ မွေးဖွားလာတဲ့ လူသားတွေဖြစ်ပါတယ်။ သူကကျွန်ုပ်တို့လူသားတွေကို ဖြတ်စီးစေချင်တာမဟုတ်ပါတဘူး။ နောင်တရစေရုံသာဖြစ်ပါတယ်( ၂ပေ ၃း၉)။ နောင်တရခြင်းဆိုတာဘာလဲ? ဘာလို့နောင်တရစေချင်တာလဲ? ပထဆုံးလူသားဖြစ်တဲ့ အာဒံအပြစ် စလုပ်လိုက်တဲ့ အချိန်ကစပြီး အပြစ်တရားဟာ ကမ္ဘာကြီးကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အာဒံရဲ့ အပြစ်ဟာ သေစေနိုင်ပြီး အဲ့သေခြင်းတရားဟာ လူတိုင်းအပေါ် သက်ရောက်လာတာဖြစ်ပါတယ် (ရောမ ၅း၁၂)။ ကျွန်ုပ်တို့ဟာ သတိမထားမိပဲ အဲ့သေခြင်းတရားဆိုတဲ့ အခြေအနေကို   အမွေဆက်ခံခဲ့ရပါတယ်။ နောင်တရခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ အခြေအနေကိုပြောင်းလဲဖို့ရန်အတွက် ဘုရားခင်က သခင်ယေရှုအားဖြင့် သေခြင်းတရားဆိုတဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ အပြစ်သားတွေဖြစ်တဲ့ အတွက်ကြောင့် သန့်ရှင်းတဲ့ဘုရားသခင်နဲ့ တိုက်ရိုက်ပြန်လည် ဆက်သွယ်ဖို့ မဖြစ်နိုင်တော့ပါဘူး။  ကျွန်ုပ်တို့ဟာ ကောင်းကင်ဘုံမှာ ထာဝရအသက်ကိုရရှိနိုင်ဖို့ ကမ္ဘာမြေပေါ်မှာနေပြီး  ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ ပိုမိုသိကျွမ်းဖို့နေထိုင်ခြင်းနဲ့ တပါးသူတွေကို ဘုရားသခင်အကြောင်း ဝေမျှခြင်းတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ သခင်ယေရှုခရစ်ကို မိမိကယ်တိုင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်မှသာ ဒီအရာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


ခြင်္သေ့ကဲ့သို့ ခွန်အားကြီးသော စိတ်ဓာတ်ပြင်းထံမှု ရှိသောကလေးကို ပြုစုပျိုးထောင်ခြင်း

သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။

သုတ္တံ ၂၂:

my_MMဗမာစာ