CBN Myanmar

စိတ်ထိခိုက်ဖိစီးမှုလွန်ကဲခြင်းကို

သိနားလည်ခြင်း

စိတ်ထိခိုက်ဖိစီးမှုလွန်ကဲခြင်း ဆိုတာဘာလဲ၊ ဘယ်လိုမျိုးခံစားရတတ်ပါသလဲ၊

ဘေးအန္တရာယ် ဖြစ်စေသောခြိမ်းခြောက်မှုအဖြစ်အပျက်တွင် သက်သေအဖြစ်ရှိခြင်း သို့မဟုတ် ထိုအခြေအနေတွင်ပါဝင်ပတ်သတ်နေသူများသည် စိတ်ထိခိုက်ဖိစီးမှုလွန်ကဲခြင်းများ ဖြစ်ပေါ်တတ်သည်၊ ထိုသိုhသောသူများသည် ဘေးအန္တရာယ် မရှိသောအခြေအနေတွင်ပင် စိတ်ဖိစီးမှု ? ကြောက်လန့် စိုးရိမ်မှု။ အပြစ်တင်ခြင်းနှင့် ဒေါသထွက်ခြင်းများကို အမြဲလိုလို ခံစားနေရတတ်သည်၊ 

ဆယ်ကျော်သက်များနှင့် လူကြီးများ တွင် စိတ်ထိခိုက်ဖိစီးမှု လွန်ကဲခြင်းများကို အောက်ပါအတိုင်းတွေ့မြင်နိုင်သည်၊

  • စိတ်ဒဏ်ရာရစရာအဖြစ်အပျက်ကိုသတိပြန်ရသောအခါ ပြင်းထန်သော စိတ်သောကရောက်ရှိသည်။
  • စိတ်ဒဏ်ရာ ရခဲ့သောအခြေအနေကို သတိတရရှိမိပါက ပျို့အန်ချင်ခြင်း၊ချွေးထွက်ခြင်း၊ နှလုံးခုန်မြည်သံတဒုန်းဒုန်းကြားရခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအလွန်အကျွံတုန့်ပြန်မှုများ ကို ခံစားရတတ်သည်။
  • အဖြစ်ဆိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် စိတ်ဓါတ်ကျမှုများဖြစ်ပေါ်သည်။
  • ယခင်ကကဲ့သို့ စိတ်ဒဏ်ရာရစရာအခြေအနေကို ထပ်တလဲလဲခံစားဖြစ်ပျက်နေသည်ဟု မှတ်ယူမိသည်။
  • ကြောက်လန့်စရာအိမ်မက်ဆိုးများ၊ ဝမ်းနည်းဘွယ်ရာအခြေအနေများ အကြောင်းအိမ်မက်ဆိုးများ မြင်မက်တတ်သည်။
  • နေ့စဉ်အသက်ရှင်လုပ်ဆောင်မှုများနှင့် ဘဝအသက်တာကို စိတ်ဝင်စားမှုမရှိဖြစ်နေသည်။ 
  • စိတ်ခံစားမှုများ ထုံထိုင်းလေးပင့်နေပြီးအခြားသူများနှင့် မပေါင်းသင်းဘဲခွဲခွါနေထိုင်တတ်သည်။ 
  • သာမာန်ဘဝနေထိုင်မှုအပေါ်ရည်မှန်းချက်ဦးတည်ချက်မရှိသည့် ခံစားချက်များဖြင့် အသက်ရှင်နေထိုင်နေသည်။ (ရှေ့လာမည့်အနာဂတ်အပေါ်အကောင်းမြင်စိတ်မရှိဖြစ်နေသည်)
  • စိတ်ဒဏ်ရာရစေသောအဖြစ်အပျက်ကို အမှတ်ရစေမည့် လုပ်ဆောင်ချက်များ၊ ခံစားချက်များ၊ အတွေးများနှင့်နေရာဒေသများကိုရှောင်ရှားနေသည်။
  • စိတ်ထိခိုက်စေသောအဖြစ်အပျက်၏အရေးပါသော ဂဏ္ဍာများကိုမှတ်မိရန်ခက်ခဲနေသည်။

စိတ်ဖိစီးမှုပြင်းထန်စွာရှိသောသူများတွင် ဤလက္ခဏာများကို အားလုံး သို့မဟုတ် အချို့ကိုတွေ့ရှိနိုင်သည်။

  • စိတ်ထိခိုက်စရာအဖြစ်အပျက်မှသက်သာရစေရန်ကြိုးစားခြင်း။ စိတ်ထိခိုက်နာကျင်စရာအဖြစ်အပျက်ကြောင့် အိမ်မက်ဆိုးများမြင်မက်ခြင်း၊ ယခင်ဖြစ်ခဲ့သောအခြေအနေကိုနောက်ကြောင်းပြန်ဖြစ်နေခြင်း သို့မဟုတ် စိတ်ကျန်းမာရေးအခြေအနေကို အနှောင့်အယှက်ပေးနေခြင်းများဖြစ်သည်။
  • စိတ်ဒဏ်ရာကိုပြန်လည်မှတ်မိစေမည့် အခြေအနေများကိုရှောင်ရှားခြင်း။ စိတ်ဒဏ်ရာနှင့်ပတ်သတ်သောအရာများကို ပြန်အမှတ်ရစေမည့် လူပုဂ္ဂိုလ်၊ နေရာဒေသ သို့မဟုတ် လုပ်ဆောင်ပြုမူချက်များကိုရှောင်ရှားမှုပြုလုပ်သည်။ရောဂါကိုသက်သာစေရန်ကုသပေးနိုင်သည့် ကုထုံးပညာရှင်နှင့်ပင် ထိုအကြောင်းအရာများကို မပြောမိရန်ရှောင်ရှားနေသည်။
  • စိတ်ခံစားချက်ပိုင်းတွင် ထုံထိုင်းလေးလံနေသည်။ လူများစွာမှာ ထုံထိုင်းလေးလံခြင်းနှင့် သီးခြားနေထိုင်မှုပြုလုပ်ကြသည်။ သူတို့သည် လောကကမ္ဘာကြီးကိုအပျက်သဘောအဆိုးမြင်ခြင်းနှင့် မည်သည့်အရာကိုမဆို ယုံကြည်မှုမရှိဘဲဖြစ်နေတတ်သည်။
  • စိုးရိမ်မှုရှိနေသည်။ စိတ်ဖိစီးမှုပြင်းထန်စွာရှိသောသူတို့သည် လွယ်ကူစွာ ကြောက်လန့်နေတတ်ခြင်း၊ ဂဏမငြိမ်ဖြစ်ခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်တောင့်တင်းမှုများဖြစ်နေတတ်သည်။ဤသို့ဖြစ်နေရခြင်းမှာ ခန္ဓာကိုယ်တွင်း စိတ်ဖိစီးမှုများသည့် ဟော်မုန်းမြင့်တက်ခြင်းကြောင့်ဖြစ်သည်။ အာရုံစူးစိုက်ရန်ခက်ခဲခြင်းနှင့် အိပ်ပျော်ရန် ခက်ခဲနေရခြင်းမှာ အလွန်အကျွံတကြွ်ကမှုနှင့် စိုးရိမ်မှု အခြေအနေများရှိနေသောကြောင့်ပင်ဖြစ်သည်။

ကျွန်ုပ်တို့အနေဖြင့် ယေရမိမြည်တမ်းစကား ၃း၂၀-၂၆ ကိုဖတ်ရှုခြင်းဖြင့် သင့်ထံတွင်ငြိမ်းချမ်းတည်ငြိမ်မှုရရန် အကြံပြုပါသည်။

အထက်ပါအကြောင်းအရာအားလုံးကိုဖတ်ရှုပြီးပါက သင့်အနေဖြင့် နှစ်သိမ့်ဆွေးနွေးမှုကိုခံယူရန် လိုအပ်ပါက ကျေးဇူးပြု၍ ဤနေရာတွင် နှိပ်ပါ။

my_MMဗမာစာ