CBN Myanmar

မနက်ဖြန် အတွက် မျှော်လင့်ခြင်း

အဖိုးတန်သောကလေးများ

ကလေးများသည်ရုပ်ပိုင်းဆိုင်ရာ၊လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်းနှင့် ဝိညာဉ်ရေးပိုင်းဆိုင်ရာတို့တွင် ကျန်းမာသန်စွမ်းမှုဖြင့် ကြီးထွားလာစေရန် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်လိုအပ်သည်။

သို့ဖြစ်ပါသောကြောင့် မနက်ဖြန်အတွက်မျှော်လင့်ချက်အစီအစဉ်မှ ကလေးများနှင့် မိဘများအား စိတ်ဒဏ်ရာရရှိစေသောအခြေအနေမှ ကုသမှုခံယူလျက် သက်သာပျောက်ကင်းပြီး အနာဂတ်ကိုမျှော်လင့်ချက် ရည်ရွယ်ချက်ရှိရှိဖြင့် လျှောက်လှမ်းနိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် ဦးတည်မျှော်လင့်လျက်လုပ်ဆောင်ထားခြင်းဖြစ်ပါသည်

အဓိကလုပ်ဆောင်သွားရန်အချက်နှစ်ချက်မှာ 

  • နိုင်ငံတကာမှ ကဗျာလေးများ၊ဗီဒီယိုများ၊ ရုပ်ပုံပန်းချီများ၊စာများပေးပို့ခြင်းဖြင့် မြန်မာပြည်ရှိကလေးများက ၄င်းတို့သည်တစ်ဦးတည်းမဟုတ်ကြောင်းသိရှိခံစားမိစေပြီး ပြုံးရွှင်စွာရယ်မောပျော်ရွှင်လာစေရန် နှင့် ဘဝတွင်မျှော်လင့်ချက်ရှိရှိကြီးထွားမှုကိုရရှိရန် ရည်ရွယ်ပါသည်။ 
  • ခရစ်ယာန်များ၏တန်ဖိုးထားမှုကျင့်သုံးမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာပြည်ရှိ မိဘများသည် စိတ်ဒဏ်ရာကို ပိုင်းခြားသိနားလည်မှုရရှိလျက် လိုအပ်သောနှစ်သိမ့်ဆွေးနွေးမှု၊ သင်ယူလေ့လာမှုပြုရန်ကူညီလှုံဆော်ထားခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ချစ်ရသောမြန်မာပြည်ရှိ မိတ်ဆွေများနှင့် အတူတူရပ်တည်အားပေးမှုပြုခြင်းဖြင့် ၄င်းတို့သည် တစ်ဦးတစ်ယောက်တည်းမဟုတ်ကြောင်း အသိပေးလျက် မနက်ဖြန်များစွာအတွက် မျှော်လင့်ချက်ရှိရှိဖြင့် လျှောက်လှမ်းကြပါစို့။

my_MMဗမာစာ