CBN Myanmar

ကလေးများ နှင့် စိတ်ဒဏ်ရာ အတွက်အကြံပြုချက်များ

မိဘများသတိပြုလေ့လာရန်

စိတ်ဒဏ်ရာဆိုတာဘာလဲ

ကလေးရဲ့စိတ်လုံခြုံမှုခံစားချက်ကို စိန်ခေါ်တဲ့ စိတ်သောကရောက်စရာအခြေအနေ တစ်ခုခုဒါမှမဟုတ် ကြောက်လန့်စရာကောင်းတဲ့ အဖြစ်အပျက်များဖြစ်တဲ့ ဘဝ အသက်ရှင်မှုကိုခြိမ်းခြောက်မှုဖြစ်စေတဲ့ ကားမတော်တဆမှု၊ တောမီးလောင်ကျွမ်းမှု၊ ရေကြီးရေလျှံမှု၊ ရုတ်တရပ်နာမကျန်းဖြစ်မှု၊ မိသားစုဝင်တစ်ဦးသေဆုံးမှု၊ ပြစ်မှုကျူး လွန်ခြင်း၊နှိပ်စက်ညင်းပန်းခံရခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း အကြမ်းဖက်ခံရမှု၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ သတင်းမီဒီယာမှဖြစ်စေတွေ့ကြုံရသော အဖြစ်အပျက် အခြေအနေများဟာ ကလေးရဲ့ စိတ်ကိုဒဏ်ရာဖြစ်စေတဲ့အရာများဖြစ်ပါတယ်။

ကလေးတစ်ဦးအနေဖြင့် စိတ်ဒဏ်ရာရရှိမှုအပေါ်တုန့်ပြန်မှုမှာ- ကလေး၏ အသက်အရွယ်၊ ဖွံ့ဖြိုးမှုအဆင့်အခြေအနေ၊ပင်ကိုယ်စရိုက်၊ ပင်ကိုယ်အရေအသွေး၊ ၄င်းတို့ မိဘများ သို့မဟုတ် ၄င်းတို့ဘဝအတွက်သိသာထင်ရှားသူများမှ တွေ့ကြုံ ရသောအခက်အခဲပြသနာအပေါ် သက်ရောက်ဖြေရှင်းနိုင်မှုတို့တွင်မူတည်ပြီး ကွဲပြား ခြားနားတတ်သည်။

စိတ်ဒဏ်ရာအပေါ်ကလေး၏တုန့်ပြန်မှုတွင်အောက်ပါတို့ပါဝင်နိုင်သည်။
  1. ယုတ်လျှော့ခြင်း - လုပ်ဆောင်မှုများတွင် စိတ်ဝင်စားများလျှော့ကျခြင်း။
  2. အတွေးထဲတွင်နစ်မျောနေတတ်ခြင်း- ထပ်ခါတလဲလဲပြုလုပ်ရသော ကစားနည်း များ သို့မဟုတ် ပုံဆွဲခြင်းများပြုလုပ်ရာတွင် တွေ့ရတတ်သည် ( တစုံတခုကို သာအချိန်ကြာမြင့်စွာ အာရုံစိုက်လုပ်ဆောင်နေခြင်း)
  3. စိုးရိမ်မှုရှိနေခြင်း - အာရုံစိုက်လုပ်ဆောင်ရာတွင်ဖြစ်စေ ဂရုပြုလုပ်ဆောင်ရာ တွင်ဖြစ်စေ ပြသနာရှိနေခြင်း ။ ကလေးများအနေဖြင့် တွယ်ကပ်သည့် အပြုအမူများကိုဖော်ပြနိုင်သည်။ တွယ်ကပ်မှုဖက်တွယ်မှုကို မရနိုင်ပါက စိုးရိမ်မှုဖြစ်စေသည်။ အိပ်စက်မှုပြုရန်ခက်ခဲနေခြင်းနှင့် စိတ်ကသိကအောက် ဖြစ်သောအပြုအမူများကိုတွေ့ရတတ်သည်။
  4. ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ- ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်တတ်သည်။
စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်အကြောင်းကို ကလေးများနှင့် မည်သို့ပြော ဆိုရ မည်နည်း။
  1. ကလေးအားလုံခြုံမှုရှိသည်ကိုသေချာစွာသိရှိစေပါ။
  2. ကလေး၏ပြောဆိုမှုကို ကောင်းစွာနားထောင်ပေးပါ။သူတို့၏ ဦးစားပေး အလေးထား မှုနှင့် ခံစားချက်များကို အလေးအနက်ထားပေးပါ။
  3. သင့်အနေဖြင့် ကလေး၏အခြေအနေမည်သို့ရှိနေသည်ကို သင်သိလိုကြောင်း ကလေးကိုအသိပေးပါ။
  4. ဖြစ်ပျက်ခဲ့သောအခြေအနေနှင့်ပတ်သတ်၍ ထိတ်လန့်ခြောက်ချားဖွယ် အသေး စိတ်များကို မဖော်ပြဘဲ ကလေးနားလည်နိုင်မည့်သင့်လျှော်သောရှင်းပြမှု ပြုလုပ် ပေးပါ။
  5. ကလေးအနေဖြင့် မှားယွင်းသောကောက်ချက်မပြုလုပ်မိစေရန် သေချာစွာ သတိပြုပါ။
  6. မိသားစုတစ်စုကဲ့သို့ပြောဆိုပါ။ မိသားစုအတွင်းတွင် ကလေးများအပါအဝင် လူတိုင်းမှာစကားပြောဆိုခွင့်ပြုပါ။ဤသို့လုပ်ဆောင်ခြင်းသည်အထီးကျန်ဆန်မှုကို ကုသရန်အထောက်အကူပြုဖြစ်စေသည်။
  7. ဤအခြေအနေများအတွက် ခံစားနေရခြင်းသည် ပုံမှန်ဖြစ်ပြီး တဖြည်းဖြည်း သက်သာသွားမည်ဖြစ်ကြောင်းပြောပြပါ။
စိတ်ဒဏ်ရာရစေသော အဖြစ်အပျက်ကြုံတွေ့နေရသည့် ကလေးမိဘများ၏ တုန့်ပြန်မှုသည် အရေးကြီးသောအရာဖြစ်သည်။ မည်သို့တုန့်ပြန်မည်နည်

မိဘများအနေနှင့် မိမိကလေးကို နားလည်မှု၊ဂရုစိုက်မှုများ ပိုမိုပေးခြင်း၊ ကလေး၏ခံစားချက်များကို သင့်လျှော်သောနည်းလမ်းများဖြင့် ဖော်ထုတ်ပြော ဆို စေခြင်း၊ ကလေးအား ၄င်းကိုယ်တိုင် စိတ်ခံစားမှုကိုထိန်းချုပ်ခွင့်ပေးခြင်း နှင့် ကလေးကို အလွန်အမင်းအကာအကွယ်ပေးခြင်းမပြုလုပ်ဘဲ စောင့်ရှောက်မှုပြုလျက် တုန့်ပြန်ရမည်ဖြစ်သည်။

စိတ်ဒဏ်ရာကိုခံစားနေ ရသောကလေးများအတွက် သက်သာစေသော လက်တွေ့ လုပ်ဆောင်နိုင်သည့် အချို့သော နည်းဗျူဟာများမှာ
  1. သင့်ကလေးကို စိတ်ပျော်ရွှင် အပန်းဖြေစေနိုင်သော ကစားနည်းများ ကစားခွင့်ပြုခြင်း၊
  2. ရီမောပျော်ရွှင်ခြင်းကဲ့သို့ စိတ်ပျော်ရွှင် ဟာသဖြစ်စေသော အရာများ လုပ်ဆောင်ရန် အချိန်ပေးခြင်း၊ ၃.လုံလောက်စွာအိပ်စက်အနားယူစေခြင်း၊
  3. လုံလောက်စွာအိပ်စက်အနားယူစေခြင်း၊
  4. ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့် ခန်းများ ပြုလုပ်ရာတွင် ၄င်းတို့နှင့်အတူပူးပေါင်း ပါဝင်ပေးခြင်း၊
  5. ရေနွေးဖြင့် ရေချိုးပေးခြင်း၊နှိပ်နယ်ပေးခြင်း၊ပုံပြောခြင်း၊ပွေ့ဖက်ခြင်းကဲ့သို့ ကလေးကို သက်တောင့် သက်သာဖြစ်စေသော စိတ်ဖိစီးမှုလျှော့ပါးစေသည့် လုပ်ဆောင်မှုများဖြင့် ပြုစု စောင့်ရှောက်ခြင်း
  6. ကလေးစိတ်ဓါတ်ကျ စိုးရိမ်မှု ဖြစ်နိုင်သော အရာများမှ တားဆိးကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် ကလေး၏ စိတ်ဒဏ်ရာကို သက်သာလျှော့ပါးစေပါသည်။
my_MMဗမာစာ