CBN Myanmar

စိတ်ဒဏ်ရာသည်ကို
သိနားလည်ခြင်း

စိတ်ဒဏ်ရာရရှိမှုသည် လူတစ်ဦးချင်းကို မတူညီစွာသက်ရောက်မှုများဖြစ်စေနိုင်သည် အလွန်အမင်းပြင်းထန်စွာ စိတ်ဖိစီးမှု သို့မဟုတ် ဆိုးရွားသောဘေးအန္တရာယ်အခက်အခဲခံစားခဲ့ရသူတိုင်းတွင်သက်ရောက်မှုများမှာ အကန့်အသတ်မရှိဖြစ်ပေါ်နိုင်သည်။ သက်ရောက်မှုများကိုဆန်းစစ်မှုပြုလုပ်ရာတွင် ကျွန်ုပ်တို့အနေဖြင့်တွေ့ကြုံရသောအခြေအနေပေါ်မူတည်၍ မဆုံးဖြတ်ဘဲ ထိုအဖြစ်အပျက်ကို မည်သို့ကြုံတွေ့ခဲ့ရသည်နှင့် ထိုအဖြစ်အပျက်သည် ကျွန်ုပ်တို့အပေါ်မည်မျှကြာရှည်စွာ အကျိုးသက်ရောက်မှုဖြစ်စေသည်ကို သတိပြုရမည်ဖြစ်သည်။

စိတ်ဒဏ်ရာအပေါ်တုန့်ပြန်မှုသည် လူတစ်ဦးနှင့်တစ်ဦး မတူညီဘဲ ကွဲပြားခြားနားတတ်သည်။ လူသားတိုင်း၏ဘဝတွင် ကြုံတွေ့ရသော ဖိစီးမှုအမျိုးမျိုးရှိကြပြီး ထိုဖိစီးမှုများပေါ်တွင်မတူညီသောခံရပ်နိုင်စွမ်းရည်များနှင့် လိုအပ်ချက်များရှိနေတတ်သည်။

လူသားများအနေဖြင့် စိတ်ဒဏ်ရာရရှိမှုအပေါ်နည်းလမ်းများစွာဖြင့် တုန့်ပြန်မှုပြုလုပ်နိုင်သည်။ တွေ့ကြုံရသောစိတ်ခံစားမှုပိုင်းဆိုင်ရာတုန့်ပြန်မှု အချို့ မှာ

ထုံထိုင်းလေးလံနေခြင်း

စိတ်အပြောင်းအလဲမြန်လွန်းခြင်း

စိုးရိမ်ထိတ်လန့်ခြင်း

ကြောက်လန့်ခြင်း

အပြစ်ရှိသည်ဟုခံစားမိနေခြင်း

ရှက်ရွံအားငယ်ခြင်း

အခြားသူများနှင့်အရောတဝင်အပေါင်းအသင်းမဖွဲ့လိုခြင်း

၀မ်းနည်းခြင်း

မျှော်လင့်ချက်ကင်းမဲ့နေခြင်း

မိမိကိုယ်ကိုအပြစ်တင်နေခြင်း

စိတ်ဒဏ်ရာရရှိမှု၏ သိသာထင်ရှားသော ရုပ်ပိုင်းဆိုင်ရာလက္ခဏာများမှာ

အိပ်မရဘဲမျက်စိကြောင်နေခြင်း

ပင်ပန်းနွမ်းနယ်ခြင်း

အာရုံစူးစိုက်မှုပြုရန်ခက်ခဲခြင်း

နှလုံးခုန်နှုန်းများမြန်ဆန်ခြင်း

အလွယ်တကူကြောက်လန့်တုန်လှုပ်နေခြင်းတို့ ဖြစ်ကြသည်။

ဤ အချက်များအားလုံးသည် ဖြစ်ပေါ်ရန်ကျိုးကြောင်းညီပြီး အခြေအနေမည်သို့ပင်ဖြစ်နေပါစေ လိုအပ်ပါက အကူအညီရရှိရန်အရေးကြီးသည်။ အကူအညီမယူဘဲသင့်အနေဖြင့် တစ်ဦးတည်းအခက်အခဲများအားလုံးကိုရင်ဆိုင်ဖြတ်သန်းရန် မလိုအပ်ပေ။ ယခုအချိန်တွင် ဖြစ်ပေါ်တတ်သောလက္ခဏာများကြုံတွေ့နေရသောကြောင့် ဤအရာတို့ကို အမြဲထာဝရ တည်မြဲဖြစ်ပေါ်နေမည်ဟု တရားသေသတ်မှတ်မှုမပြုသင့်ဘဲ အချိန်နှင့်အမျှ ပိုမိုကောင်းမွန်လာရန်မျှော်လင့်ရမည်ဖြစ်သည်။

စိတ်ခံစားချက်များပြင်းထန်စွာခံစားရခြင်းကြောင့် သင်၏နေ့စဉ်အသက်ရှင်မှု နှင့်စွမ်းဆောင်နိုင်မှုများအား ထိပါးနှောင့်ယှက်မှုဖြစ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျွမ်းကျင်သူနှင့်တွေ့ဆုံဆွေးနွေးကုသမှုကို ခံယူရမည်ဖြစ်သည်။

my_MMဗမာစာ