CBN Myanmar

ကျွန်ုပ်တို့ကိုပူးပေါင်းပါဝင်ကူညီသူများ

Purwati

ပျဝတီသည် အင်ဒိုနီးရှားနိုင်ငံတွင် ဘေးအန္တရာယ်ကြုံတွေ့နေရသောကလေးများအား အထူးကာကွယ် စောင့်ရှောက်မှုပေးသောဝန်ထမ်းတစ်ဦးအဖြစ် (၁၈)နှစ်တိုင် လုပ်ဆောင်ပေးခဲ့သူဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် အားအင်ချို့တဲ့သော၊ ကလေးများကိုဂရုစိုက်ကြည့်ရှု့ သည့်ဌာနတွင် (၃)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူမအနေဖြင့် ကလေးများသည် မည်သည့်လူမျိုး၊ဘာသာ၊အသက်အရွယ်၊ယဉ်ကျေးမှုစသည်ဖြင့် မတူညီသောနောက်ခံအခြေအနေရှိနေပါစေ တန်ဖိုးအလွန်ရှိပြီး ဘုရားသခင်ပေးထားသော ဂုဏ်သိက္ခာအပြည့်ဖြင့်မွေးဖွားလာသူများဖြစ်သည်ဟု ယုံကြည်လက်ခံထားသူဖြစ်သည်။ သူမသည် မလေးရှားနိုင်ငံပီနန်ရှိ မလေးရှားနှစ်ခြင်းခရစ်ယာန်ဓမ္မတက္ကသိုလ်မှ ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဘာသာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ၂၀၁၄ ခုနှစ်တွင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

Tasha Stefani Wiradjaja

တာရှာ စတေဖနီ ၀ီရတ် သည် လက်ရှိတွင် နရူးယောက်တက္ကသိုလ်၌ စိတ်ပညာဘာသာရပ်ကိုသင်ယူနေသူတစ်ဦးဖြစ်သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံမှမွေးဖွားသူဖြစ်သော်လည်း အများအားဖြင့် နိုင်ငံရပ်ခြားတွင် နေထိုင်သည်။ ဗီယက်နမ်၊ ကမ်ဘောဒီးယား၊ မြန်မာနှင့် ယူကေနိုင်ငံတို့တွင်နေထိုင်သူဖြစ်သည်။

သူမသည် စာအုပ်စာပေဖတ်ရှု့လေ့လာရခြင်း၊ ခရီးသွားခြင်းနှင့် အခြားသူများ၏ဘဝကို အပြုသဘော ဆောင်သော ပြောင်းလဲမှုများလုပ်ဆောင်ခြင်းဖြင့်အကူအညီပေးရန်နှစ်သက်သူဖြစ်သည်.

Sam

Sam is the Director of a non-profit organization in Malaysia. He specializes in Information Technology and leads a team of great employees that serve south-east Asia in the area of tech.

သူ၏စိတ်ဆန္ဒမှာ မလေးရှားရှိလူငယ်များနှင့်ကလေးများ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သမ္မာတရားကိုခံစားသိမြင်ရန်ပင်ဖြစ်သည်။

Kuriake Kharismawan

ကူရီအာခီ ခါရစ်မဝမ်သည်ဆေးပညာပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ဦးဖြစ်ပြီးအင်ဒိုနီးရှားနိုင်ငံ ဆီမရမ်ရှိ ဆိုဂျီဂျပရမ်နာတာ ကက်သလစ်တက္ကသိုလ် ရှိ စိတ်ဒဏ်ရာပြန်လည်ကုသသက်သာမှု စင်တာ၏တည်ထောင်သူဖြစ်သည်။

my_MMဗမာစာ