CBN Myanmar

အန္တရာယ်အနည်းငယ်ရှိသူ သတိပြုလုပ်ဆောင်ရန်

မိမိကိုယ်ကို ဂရုစိုက်မှုပြုရန်

ခွဲခြားသတ်မှတ်မှုပြုရန်

စိတ်ဒဏ်ရာရရှိမှုကြောင့်စိတ်ဖိစီးခြင်း

စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်ကိုကြုံတွေ့၍ အခက်အခဲများရင်ဆိုင်ရပြီးနောက်ပိုင်းတွင် လည်း စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာတို့တွင် ကြီးမားပြင်းထန်သော သက်ရောက်မှုအချို့ကို နောက်ပိုင်းတွင် ခံစားရကောင်းခံစားရမည်ဖြစ်သည်

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လက္ခဏာများနှင့်ရောဂါအခြေအနေများသည် ရက်အနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ် ၊ လအနည်းငယ် သို့မဟုတ် ထို့ထက်ပိုကြာရှည်တတ်သည်။ဤအရာမှာ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်၏ ပြင်းထန်မှု နှင့် အခြားသူများ၏ကူညီထောက်ပံ့မှုပေးခြင်းတို့အပေါ်မူတည်သည်။

အောက်တွင်ဖော်ပြထားသောအရာများမှာ စိတ်ဒဏ်ရာကြောင့် ခံစားရသောစိတ်ဖိစီးမှုများဖြစ်ပေါ်ရာတွင် ယေဘုယျအားဖြင့်တွေ့ကြုံရတတ်သော လက္ခဏာရပ်အချို့ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ
> အော်ဂလီဆန်ပျို့အန်ချင်ခြင်း
> ဝမ်းဗိုက်မကောင်းခြင်း
> တုန်တုန်ယင်ယင်ဖြစ်နေခြင်း
> ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိခြင်း
> အလွန်အမင်းချွေးထွက်နေခြင်း
> ဝမ်းသွားခြင်း
> မူးနောက်နောက်ဖြစ်ခြင်း
> ရင်ဘတ် နာကျင်မှု (ဆေးရုံ မှာ စစ်ဆေးရမည်)
> နှလုံးခုန်နှုန်းမြန်ခြင်း
> ခေါင်းကိုက်ခြင်း
> အိပ်မရခြင်း
> အေးစက်နေခြင်း
တွေးတောခြင်း
> တွေးတောမှုနှေးကွေးခြင်း
> ဆုံးဖြတ်ချက်ချရန်ခက်ခဲခြင်း
> အခက်အခဲဖြေရှင်းမှုမပြုလုပ်နိုင်ခြင်း
> ပတ်ဝန်းကျင်နှင့်နေသားတကျမနေတတ်ခြင်း(အထူးသဖြင့် အချိန် နှင့်နေရာဒေသ)
> မှတ်ဉာဏ်သိပ်မကောင်းခြင်း
> သာမာန်ခေါ်နေကျအရာများကို နာမည်ခေါ်ရန်ခက်ခဲခြင်း
> အဖြစ်အပျက်ကိုထပ်ခါထပ်ခါမြင်နေခြင်း
> အလွန်အကျွံနိုးကြားနေခြင်း
စိတ်ပိုင်းဆိုင်ရာ
> စိုးရိမ်လွန်းခြင်း
> ကြောက်လန့်နေခြင်း
> အပြစ်တင်ခြင်း
> ဆုံးရှုံးမှုကြောင့်စိတ်သောကရောက်ခြင်း
> စိတ်ဓါတ်ကျခြင်း
> ဝမ်းနည်းခြင်း
> ဆုံးရှုံးမှုကိုခံစားနေရခြင်း
> စွန့်ခွါမှုကိုခံစားနေရခြင်း
> အထီးကျန်မှုခံစားရခြင်း
> အခြားသူများအတွက်စိုးရိမ်လွန်ခြင်း
> ဒေါသထွက်ခြင်း
> မထိန်းချုပ်နိုင်အောင်စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း
> ခံစားချက်မရှိသလိုဖြစ်ခြင်း၊တုန်လှုပ်ခြင်းကြောက်လန့်ခြင်း

သက်သာကောင်းမွန်လာစေရန်အချက်များ

  • စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်ကိုကြုံတွေ့၍ အခက်အခဲများရင်ဆိုင်ရပြီးနောက်ပိုင်းတွင် လည်း စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာတို့တွင် ကြီးမားပြင်းထန်သော သက်ရောက်မှုအချို့ကို နောက်ပိုင်းတွင် ခံစားရကောင်းခံစားရမည်ဖြစ်သည်
  • တုန့်ပြန်မှု လက္ခဏာများခံစားရခြင်းသည် ပုံမှန်အခြေအနေဖြစ်ကြောင်းသတိပြုပါ။
  • အချိန်ကာလရှည်နှင့် ကာလတိုပန်းတိုင်များချမှတ်ပါ။
  • သင်ခံစားနေရသောစိတ်ဒဏ်ရာအပေါ်တုန့်ပြန်မှု လက္ခဏာများအကြောင်းကိုတပါးသူများနှင့်ဆွေးနွေးပါ။
  • ပုံမှန်လုပ်ဆောင်မှုများလုပ်ဆောင်မှုကိုဆက်ထိန်းထားပါ။
  • ပုံမှန်အတိုင်းအလုပ်သို့မဟုတ်ကျောင်းသို့ တက်နိုင်သမျှ မြန်မြန်ပြန်သွားနိုင်အောင်ကြိုးစားပါ။
  • စိတ်ရှည်ရှည်ထားပါ။ ပြန်လည်ကောင်းမွန်လာရန်အတွက် စိတ်ရှည်မှုသည်အရေးကြီးသောအရာဖြစ်သည်။

သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များကို စိတ်ဒဏ်ရာနှင့်ပတ်သတ်သောအခြေအနေကိုမကြာခဏာ ပြောပြခြင်းသည် လုံလောက်မှုမရှိသည်ကို သတိပြုပါ။

ဤအရာများကို အသုံးပြုနိုင်ရန် အင်တာနက်မှ တဆင့် ကူးယူမှုပြုလုပ်ရန်အကြံပေးပါရစေ။ ကောင်းစွာကိုင်တွယ်ဖြေရှင်းမှုပြုရန် အစီအစဉ် နှင့် ဖတ်ပါ။ ယေရမိမြည်တမ်းစကား ၃း၂၀-၂၆

စိတ်ဒဏ်ရာနှင့်ပတ်သတ်၍ပိုမိုသိရှိရန်ဖတ်ရှုလိုပါက ဤနေရာတွင် နှိပ်ပါ။

my_MMဗမာစာ