စိတ်ဒဏ်ရာရရှိခြင်
နှင့်အကျိုးဆက်များ
စိတ်ဒဏ်ရာရစရာဖြစ်ရပ်များသည် ကြီးမားသော စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသည်။ဤအရာကိုကုသမှုမပြုလုပ်ပါကစိတ်ဖိစီးမှုလွန်ကဲခြင်း၊ စိတ်ကျရောဂါရရှိခြင်း နှင့် စိုးရိမ်ဖွယ်ရောဂါများကို အကျိုးဆက်အဖြစ်ခံစားရရှိနိုင်စေသည်။သို့ရာတွင် လူတစ်ဦးနှင့်တစ်ဦးမတူညီကွဲပြားတတ်သည်ကို လဲ သတိပြုရပေမည်။
တစ်ဦးချင်းစီတွင်   |
---|
> အဖြစ်အပျက်တွင်ကိုယ်တိုင်ပါဝင်ခံစားနေရခြင်း သို့မဟုတ် စိတ်ဒဏ်ရာရစရာအဖြစ်အပျက်တွင် မျက်မြင်သက်သေအဖြစ်ပါဝင်ရခြင်း |
> ရင်းနှီးကျွမ်းဝင်သူကြုံတွေ့နေရသောအခြေအနေမှ သိရှိခံစားနေရခြင်း |
> (ကံဆိုးမိုးမှောင်ကျခြင်းအတွက်ပထမဆုံးကြုံတွေ့တုန်လှုပ်ရသူများအဖြစ်) စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်ကိုထပ်ခါတလဲလဲ သို့မဟုတ် ထိုအဖြစ်ပျက်အားအသေးစိတ်ကျကျ လွန်ကဲစွာဖော်ထုတ်မှု |
စိတ်ဒဏ်ရာရစရာအဖြစ်အပျက်ကအောက်ပါ တို့ကိုဖြစ်ပေါ်လာစေသည် |
---|
> ကြီးမားသောစိတ်ဖိစီးမှု |
> စိတ်ဖိစီးမှုလွန်ကဲခြင်း |
> စိတ်ဓါတ်ကျခြင်း |
> စိုးရိမ်ထိတ်လန့်ကြောက်ရွှံ့နေခြင်း |
> ညှိနှိုင်းဆင်ခြင်မှုမပြုနိုင်ခြင်း |
> အမျိုးအမည်မဖော်ပြနိုင်သော ၊ အတိအကျမရှိသော စိတ်ဖိစီးမှုစိတ်ကစဉ့်ကလျားဖြစ်ခြင်းများ |
စိတ်ဒဏ်ရာရရှိမှု အမျိုးအစား ၃ မျိုးရှိသည်။ |
---|
> ကြီးမားသောစိတ်ဒဏ်ရာရရှိခြင်း-အဖြစ်အပျက်တစ်ခု၏ ရလဒ် အဖြစ်တွေ့ရှိရသည် |
> အချိန်ကာလကြာရှည်သောစိတ်ဒဏ်ရာ-အိမ်တွင်းညှင်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် အလွဲသုံးစားခံရခြင်းကဲ့သို့ ထပ်ခါတလဲလဲ အချိန်ကြာမြင့်စွာ ခံစားရခြင်းတွင်တွေ့ရသည်။ |
> ခက်ခဲရှုတ်ထွေးသောစိတ်ဒဏ်ရာ-လူသားအချင်းချင်း ဆက်ဆံရေးများတွင် မကြာခဏနိုင်ထက်စီးနင်းထိပါး စော်ကားမှုကို ခံစားရစေသော အမျိုးမျိုးသော စိတ်ဒဏ်ရာ အနာတရဖြစ်စရာအဖြစ်အပျက်များတွင် တွေ့ရသည်။ |
ကြီးမားသော စိတ်ဖိစီးမှုကို သိနားလည်ခြင်း
စိတ်ဒဏ်ရာရစေသောအဖြစ်အပျက်များကြုံတွေ့ရပြီး နောက်ပိုင်း ပထမဆုံးရက် ၃၀အတွင်း ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များတွေ့ရှိရခြင်းမှာပုံမှန်အခြေအနေဖြစ်သည်။ဤ တွေ့ကြုံရသောပုံမှန်မဟုတ်သည့်အခြေအနေကို ပုံမှန်ပြန်လည်တုန့်ပြန်နေသည့် ရောဂါ လက္ခဏာရပ်များသည် မရပ်မနားဘဲ ဆက်လက်ကြာရှည်စွာ ဖြစ်ပေါ်နေပါကကြီးမားသောစိတ်ဒဏ်ရာရခြင်း၏ သွင်ပြင်ဖြစ်နိုင်သည်။
စိတ်ဒဏ်ရာရရှိခြင်းကို ပုံမှန်တုန့်ပြန်မှု ၄ မျိုး
တိုက်ခိုက်ခြင်း
ဘေးအန္တရာယ်၊ခြိမ်းခြောက်မှုများကို တိုက်ခိုက်ရင်ဆိုင်ခြင်း
တိုက်ခိုက်သည့်အသွင်ရှိသူ၏လက္ခဏာများ
- သင်မျက်ရည်ကျငို မိမည်
- တစုံတဦး သို့မဟုတ် တစုံတခုကို ထိုးနှက်နေသည်ဟု သင်ခံစားနေရခြင်းရှိမည်
- မေးရိုးများတင်းခိုင်နေမည်
- လူများကို ကြည့်ခြင်း သို့မဟုတ် စကားပြောဆိုရာတွင်ဒေါသသံဖြင့်ပြောဆိုမိခြင်းရှိမည်
- အနင်းခံရခြင်း သို့မဟုတ် အကန်ခံရခြင်းမျိုးခံစားရခြင်းဖြစ်မည်
- ဒေါသအလွန်ထွက်ခြင်းရှိနေမည်
- တစုံတယောက် (ဝါ) မိမိကိုယ်ကို သတ်သေလိုသောစိတ်မျိုးခံစားသလား/ဖူးလား။
- သင့်ရဲ့ အစာအိမ်သည် ချည်နှောင်ခြင်း ခံတယ်၊ (ဝါ) အစာအိမ်ထဲ ပူလောင်ခြင်း ခံစားရတယ်။
ထွက်ပြေးတိမ်းရှောင်ခြင်း
အန္တရာယ်မှထွက်ပြေးခြင်း
ထွက်ပြေးတိမ်းရှောင်သည့်အသွင်ရှိသူ၏လက္ခဏာများ
- ခြေထောက်များအနားမရနိုင်အောင်ဂဏမငြိမ်ဖြစ်နေမည်။
- အလွန်အကျွံလုပ်ဆောင်မှုကြောင့်နုံးချိမှုကိုခံစားရမည်။
- မျက်ဝန်းများပြူးကျယ်ပြီး လျှစ်ခနဲပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်တတ်သည်။
- ခြေထောက်မှာ အဆက်မပြတ်လှုပ်ရှားနေသည်။
- ဂဏာမငြိမ်ဖြစ်သည်။
- တင်းကြပ်နေသည်ဟုခံစားရမည်။
- ပိတ်မိနေသည်ဟုခံစားရမည်။
- သက်တောင့်သက်သာမဖြစ်သောခံစားချက်ကိုလျစ်လျှူရှုရှောင်ရှားမိစေရန် အလွန်အကျွံလုပ်ဆောင်မှုများပြုလုပ်နေတတ်သည်။
တုန်လှုပ်မှုမရှိငြိမ်သက်ဧခဲနေခြင်း
တုန့်ပြန်မှုမပေးတတ်ခြင်
တုန်လှုပ်မှုမရှိငြိမ်သက်နေသည့်အသွင်ရှိသူ၏လက္ခဏာများ
- ဧစက်မှုကိုခံစားရမည်
- ခန္ဓာကိုယ်တွင်ထုံထိုင်းလေးပင်နေခြင်းဖြစ်ပေါ်မည်
- အသားအရည်ဖြူဖျော့နေမည်။
- တောင့်တင်းနေမည်။
- ကြောက်လန့်စိုးရိမ်မှုကိုခံစားရမည်။
- နှလုံးတဒုန်းဒုန်းခုန်မြည်နေမည်။
- နှလုံးခုန်နှုန်းကျခြင်းများဖြစ်ပေါ်မည်
- စိတ်ဖိစီးမှုအား ခံနိုင်ရည်ရှိသည်ဟု မိမိဘာသာ ထင်နေမည်။
မျက်နှာလိုမျက်နှာရနေထိုင်ခြင်း
ဘေးအန္တရာယ်၊ခြိမ်းခြောက်မှုများကို လက်ခံခြင်း
မျက်နှာလိုမျက်နှာရလုပ်တတ်သောသူ၏အပြုအမူလက္ခဏာများ
- အခြားသူများ၏ တောင်းဆိုမှုမှန်သမျှလိုက်နာနာခံခြင်းပြုသည်။
- အခြားသူများကိုမေးခွန်းပြန်မထုတ်တတ်ပေ။
- အကူအညီပေးခြင်းကိုလွန်ကျူးစွာလုပ်ဆောင်နေသည်။
- အခြားသူများပျော်ရွှင်ကျေနပ်မှုရရန်အလေးအနက်ထားလုပ်ဆောင်တတ်သည်။(သင့်အပေါ်ကောင်းမွန်စွာမဆက်ဆံသူများကိုပင်လျှင် လုပ်ဆောင်ကူညီမှုပြုသည်။)
- သင်ကအမြဲတမ်းသူတပါးကျေနပ်မှုရရန်လုပ်ဆောင်နေသည်။
- အခြားသူများအား “ကျွန်ုပ်မလုပ်ပေးနိုင်ပါ”ဟုပြောရန်အခက်အခဲဖြစ်နေသည်။
- မမှန်ကန်သောနားလည်ရခက်သောခြိမ်းခြောက်မှုအခြေအနေများကိုလက်ခံလုပ်ဆောင်တတ်သည်။