CBN Myanmar

ညညဆိုသားအိပ်မက်ဆိုးတွေမက်တယ်။ အိပ်မက်ဆိုးမက်တိုင်း လန့်လန့်နိုးလာတတ်တယ်၊၊ အဲအခါကျရင် ရေဘဲသောက်ပြီး ကြောက်ကြောက်နဲ့ပြန်အိပ်ရတယ်။ အခုတော့ အရုပ်ခေါင်းအုံးလေးကို ဖက်အိပ်မယ်။ သူငယ်ချင်းတွေ အနားမှာရှိသလိုခံစားရတော့ ညဆိုသားမကြောက်တော့ဘူး။ ရန်ကုန်

အခြေအနေတွေကြောင့်ကလေးတွေကို အပြင်ပေးမထွက်ပါဘူး။ အပြင်မထွက်ရတော့ စိတ်ဆိုးကြတယ်၊၊ ဝမ်းရေးကလွဲပြီး သူတို့ပျော်အောင်လည်း ဘာမှမဝယ်ပေးနိုင်ပါဘူး။ ကျမတို့လို ခက်ခဲတဲ့မိဘတွေကို တဖက်တလမ်းကနေကူညီပေးပြီး ကလေးတွေပျော်အောင် လက်ဆောင်လေးတွေ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်ကုန်

ဒီလိုခက်ခဲတဲ့အချိန်မှာ စားဖို့သောက်ဖို့၊ ကျန်းမာဖို့နဲ့ အလုပ်မရှိတော့တဲ့အတွက် အမျိုးမျိုးဘဲစိတ်ပူပန်ရပါတယ်၊၊ ကလေးတွေအတွက်လည်း ဘာလက်ဆောင်မှ မဝယ်ပေးနိုင်ပါဘူး။ ဒီနေ့ကတော့ ပီတိဖြစ်ရတဲ့နေ့ပါ၊၊ ကလေးတွေအတွက် အရုပ်လက်ဆောင်လေးတွေရတော့ သူတို့ပျော်တာမြင်ပြီး ဝမ်းသာရပါတယ်၊၊ အလှူရှင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊၊ ရန်ကုန်

သမီးတို့ကျောင်းပိတ်ထားတော့ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး။ သူတို့တွေဆီသွားလည်ပြီး တူတူဆော့ချင်တယ်။ သူငယ်ချင်းတွေနဲ့ မတွေ့ရပေမဲ့ အရုပ်ခေါင်းအုံးလေးနဲ့ဆော့မယ်၊၊ လက်ဆောင်ရလို့ သူငယ်ချင်းအသစ်ရသလိုပါဘဲ။ ရန်ကုန်

သားမှာကိုယ်ပိုင်ခေါင်းအုံးလေးမရှိပါဘူး။ အရုပ်ခေါင်းအုံးလေးလက်ဆောင်ရသားသိပ်ပျော်တယ်။ ဘာလို့လဲဆိုတော့ ကျောင်းတက်လို့မရသေးတော့ အိမ်မှာညီလေးကိုထိန်းပေးရင်းနဲ့ အရပ်လေးနဲ့ အတူတူဆော့မယ်။ ရန်ကုန်

သက်သေခံချက်များ

loading...
my_MMဗမာစာ